• ကိုဗစ်-၁၉ စီးပွားရေးသက်ရောက်မှု ကုစားရေး ချေးငွေများ

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Jul 07, 2020

    ကိုဗစ် - ၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှာ လုပ်ငန်းတာဝန် (၆) ရပ်ရှိပြီး “ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အပေါ် COVID-19 ဖြစ်စဉ် သက်ရောက်မှုကြီးမားလာပါက အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များပေးရေး နိုင်ငံတော်သမ္မတရုံးသို့ သုံးသပ်တင်ပြရန်” နဲ့ “လိုအပ်ပါက ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် သက်သာသည့် အတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ပေးနိုင်ရေး နိုင်ငံတော်သမ္မတရုံးသို့ သုံးသပ်တင်ပြရန်” ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဒီလုပ်ငန်းတာဝန်အတိုင်း စီးပွားရေးလုပ်ငန်းတွေကို အစိုးရက သက်သာတဲ့ အတိုးနှုန်းနဲ့ ချေးငွေချထားမှုတွေ စတင်ခဲ့တာဟာ အခုဆိုရင် သတ္တမအကြိမ်မြောက် ရှိနေပြီဖြစ်ပြီး လုပ်ငန်းပေါင်း ၃၄၀၁ ခုကို ချေးငွေချထားပေးပြီး ဖြစ်ပါတယ်။

  • မိတ်ဆက် နှင့် အနှစ်ချုပ် - တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Jun 11, 2020

    အခု ပြင်ဆင်ချက်ဟာ တရားရုံးက ဦးဆောင်တဲ့ စေ့စပ်ဖြေရှင်းရေး အစီအစဉ် နဲ့ ဆက်စပ်နိုင်ပြီး တရားမကျင့်ထုံးဥပဒေရဲ့ ပဉ္စမပိုင်းဖြစ်တဲ့ “အထူးအမှုများ” အောက်ရှိ “အနုညာတစီရင်ဆုံးဖြတ်ခြင်း” အခန်းမှာ အသစ်ထည့်သွင်းတာ ဖြစ်ပါတယ်။ ဥပဒေကြမ်းမှာ စေ့စပ်ဖြေရှင်းရေး ဆိုတဲ့ စကားရပ်ကို ရှင်းလင်းချက် ပေးထားပြီး တရားရုံးက ဘယ်လို အမှုတွေကို စေ့စပ်ဖြေရှင်းပေးနိုင်တယ်၊ ဘယ်လို စေ့စပ်ဖြေရှင်းပေးရမယ် ဆိုတာနဲ့ ရရှိလာတဲ့ သဘောတူညီချက်တွေကို ဘယ်လို အတည်ပြုပေးရမယ် ဆိုတဲ့ ပုဒ်မတွေ ပါဝင်ပါတယ်။

  • မိတ်ဆက် နှင့် အနှစ်ချုပ် - ဆေးပစ္စည်းကိရိယာ ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on May 25, 2020

    ‌ဥပဒေကြမ်းမှာ ဆေးပစ္စည်းကိရိယာ အမျိုးအစား ခွဲတာ၊ အရည်အသွေးကိုက်ညီမှု အကဲဖြတ်ဆန်းစစ်တာ၊ မှတ်ပုံတင်တာ၊ လိုင်စင် ဒါမှမဟုတ် ထောက်ခံချက် လျှောက်တာ၊ ထုတ်ပေးတာ၊ အညွှန်းအမှတ်အသား ဖော်ပြတာ၊ ကြော်ငြာတာ၊ စျေးကွက်စောင့်ကြည့်စစ်ဆေးတာနဲ့ ဆိုးကျိုးဖြစ်ရပ်တွေ သတင်းပေးပို့တာ နဲ့ ဆေးပညာရပ်ဆိုင်ရာ စူးစမ်းစမ်းသပ်မှု ပြုလုပ်တာ စတဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။

  • မိတ်ဆက် နှင့် အနှစ်ချုပ် - တိုက်ရိုက်ရောင်းချခြင်း ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on May 22, 2020

    အရောင်းကိုယ်စားလှယ်တွေဟာ ကုန်စည်/ဝန်ဆောင်မှုတွေကို ရောင်းချဖို့ ကမ်းလှမ်းကြော်ငြာရာမှာ ဆက်သွယ်ရမယ့် အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုတာ၊ ကုန်စည်/ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုးနဲ့ ထပ်မံကုန်ကျနိုင်တဲ့ စရိတ်တွေကို စားသုံးသူဆီ မရောင်းချမီ ကြိုတင်ရှင်းလင်းတာ၊ ရောင်းချတာတွေကို စာရင်းမှတ်တမ်းထားရှိတာ နဲ့ စီးပွားရေးလုပ်ငန်းရှင်ရဲ့ အရေးယူမှုတွေကို မကျေနပ်ရင် ဦးစီးဌာနကို တင်ပြတာတွေ စတဲ့ တာဝန်နဲ့ အခွင့်အရေးတွေ ရှိပါတယ်။

  • ဥပဒေကြမ်းဆန်းစစ်မှု - ခုခံအားကျဆင်းမှုရောဂါပိုးရှိသူများနှင့် ဆက်နွယ်ထိခိုက်ခံရသူများဆိုင်ရာ ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on May 21, 2020

    ကျန်းမာရေးဝန်ဆောင်မှုတွေ ရယူသုံးစွဲရာမှာ လိင်ဝိသေသလက္ခဏာ၊ လိင်စိတ်ခံယူမှု၊ လိင်လုပ်သားဖြစ်ခြင်းတွေကို အကြောင်းပြုပြီး ဥပဒေနဲ့အညီမှအပ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းချုပ်နှောင်ခြင်း၊ အနှောက်အယှက်ပေးခြင်း၊ ဟန့်တားခြင်းနဲ့ ကန့်သတ်ခြင်းတွေ မပြုလုပ်ရလို့ ပုဒ်မ ၂၅ (ခ) က ဆိုထားပါတယ်။ ဒါဟာ တစ်ဖက်မှာ ရောဂါပိုးရှိသူရဲ့ ရပိုင်ခွင့်ကို ပေးအပ်ထားပေမယ့် တခြားတစ်ဖက်မှာ အဲဒီရပိုင်ခွင့် ရယူနေချိန်မှာပဲ ဥပဒေနဲ့အညီ ဖမ်းဆီး ထိန်းသိမ်း ဟန့်တားနိုင်တယ်လို့ ဆိုလိုရာ ရောက်နေပါတယ်။ နောက်ပြီး “ဥပဒေနှင့်အညီမှတစ်ပါး” ဆိုတဲ့ စကားရပ်နဲ့ပတ်သက်ပြီးလည်း လက်ရှိမြန်မာနိုင်ငံမှာ လိင်လုပ်သားတွေကို တရားဝင် ဥပဒေနဲ့ ခွင့်ပြုထားခြင်း မရှိသေးတာကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

  • မိတ်ဆက် နှင့် အနှစ်ချုပ် - ကုန်သွယ်ရေကြောင်းသွားလာရေးဆိုင်ရာ တူးမြောင်း ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on May 16, 2020

    ဒီဥပဒေကြမ်းမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ဦးစီးဌာနတို့ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ၊ တူးမြောင်းအရာရှိ၊ ရေကြောင်းကြီးကြပ်ရေးမှူး၊ အကောက်စခန်းမှူး နဲ့ ရေယာဉ်ဦးစီးတို့ရဲ့ တာဝန်တွေ၊ နဲ့ တားမြစ်ချက်တွေ ပါရှိပါတယ်။

  • မြန်မာနိုင်ငံ၏ Covid-19 အပေါ် တုံ့ပြန်ဆောင်ရွက်မှု အစီအစဉ်များရေးဆွဲခြင်းနှင့် ငွေကြေး ထောက်ပံ့ခြင်း - လွှတ်တော်ကိုယ်စားလှယ်များအတွက်အကြံပြုမေးခွန်းများ

    Posted in ဥပဒေရေးရာ သုတေသန on May 15, 2020

    မတ်လတွင် ရေးသားပြုစုခဲ့သော ကူးစက်ရောဂါထိန်းချုပ်ခြင်းဆိုင်ရာမူဝါဒစာတမ်း၏ နောက်ဆက်တွဲအဖြစ် အာနန္ဒာ အဖွဲ့နှင့် Westminster Foundation for Democracy (WFD) အဖွဲ့တို့ ပူးပေါင်း၍ ဤစာတမ်းတိုနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များအတွက် အစိုးရကို မေးမြန်းနိုင်မည့် အကြံပြုမေးခွန်းအချို့ကို မေလ ၁၈ ရက်နေ့၊ လွှတ်တော် ပုံမှန် အစည်းအဝေးအမီ ရေးသားပြုစုခဲ့ပါသည်။ ဤမေးခွန်းများကို လွှတ်တော်အစည်းအဝေးများတွင် ထည့်သွင်းဆွေးနွေး မေးမြန်းနိုင်မည်ဟု မျှော်လင့်ပါသည်။

  • ၂၀၁၉-၂၀ ထပ်တိုးဘတ်ဂျက် အစိုးရအဖွဲ့ ဘတ်ဂျက်အဆိုပြုလွှာ အနှစ်ချုပ်

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on May 14, 2020

    ထပ်တိုးဘက်ဂျက် တောင်းခံမှုတွေမှာ အဓိကအနေနဲ့ ဝန်ထမ်းလစာ/ချီးမြှင့်ငွေ/ခရီးစရိတ်/ပင်စင်၊ အတိုးပေးငွေ၊ အရင်းပေးဆပ်ရန် ထပ်မံလိုငွေ၊ နိုင်ငံတော်ကို ပေးဆောင်ရမည့် အခွန်၊ လျှပ်စစ်မီတာခ တိုးမြှင့်မှုကြောင့် ထပ်မံလိုငွေ (နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအတွက်)၊ ထပ်မံရရှိမယ့် ပြည်ပ အကူအညီ/ချေးငွေတွေအတွက် သုံးစွဲရမယ့် စရိတ်၊ ဆောင်ရွက်ဆဲ တည်ဆောက်ရေး လုပ်ငန်းတွေနဲ့ မြေယာလျော်ကြေးတွေအတွက် တောင်းခံထားတာ ဖြစ်ပါတယ်။

  • မိတ်ဆက် နှင့် အနှစ်ချုပ် - ခုခံအားကျဆင်းမှုရောဂါပိုးရှိသူများနှင့် ဆက်နွယ်ထိခိုက်ခံရသူများဆိုင်ရာ ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on May 13, 2020

    ‌ဥပဒေကြမ်းမှာ အမျိုးသားကော်မတီဖွဲ့စည်းတာ၊ ရောဂါပိုးရှိသူရဲ့ တာဝန်နဲ့ ရပိုင်ခွင့်၊ ဆက်နွယ်ထိခိုက်ခံရသူနဲ့ ရောဂါပိုးကူးစက်ခံရနိုင်ချေ ပိုများတဲ့ သူတွေရဲ့ ရပိုင်ခွင့်၊ သတင်းအချက်အလက်တွေကို ထုတ်ဖော်ပြောဆိုတာ၊ ရောဂါပိုးစစ်ဆေးတာ နဲ့ တားမြစ်ချက် ဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။

  • ဥပဒေကြမ်းဆန်းစစ်မှု - မြေအောက်ရေစီမံခန့်ခွဲမှု ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on May 04, 2020

    တူးဖော်ခွင့်ပြုမိန့်နဲ့ပတ်သက်ရင် ဥပဒေကြမ်းက သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့်ဆင့်ထံ လျှောက်ထားရမယ်လို့ ဆိုထားပြီး စက်ရေတွင်းကို သတ်မှတ်ကာလအတွင်း တူးဖော်ခြင်းမပြီးခဲ့ရင် တူးဖော်ခွင့်ပြုမိန့်ပေးတဲ့ လုပ်ငန်းအဖွဲ့ကိုပဲသတ်မှတ်ကာလတိုးပေးဖို့ လျှောက်ရမယ်လို့ ပါရှိပါတယ်။ သတ်မှတ်ကာလအတွင်း တူးဖော်မှု မပြီးခဲ့ရင် ကွင်းဆင်းစစ်ဆေးခြင်းနဲ့ ကာလသက်တမ်းတိုးမြှင့်ခြင်းတွေအတွက် တိုင်းဒေသကြီး/ပြည်နယ်လုပ်ငန်းအဖွဲ့ ဒါမှမဟုတ် တာဝန်လွှဲအပ်ခံရတဲ့ အဖွဲ့က စစ်ဆေးမယ်လို့ ဆိုပြန်ပါတယ်။ ဒါဟာ မြို့နယ် နဲ့ တိုင်းဒေသကြီး/ပြည်နယ်လုပ်ငန်းအဖွဲ့တွေရဲ့ အခန်းကဏ္ဍတွေဟာ ရှင်းလင်းခြင်း မရှိဘူးဆိုတာကို နောက်ထပ်ပြသနေသလို ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲဆိုတာလည်း တိတိကျကျ မရှိဘူးဆိုတာ ဖော်ပြနေပါတယ်။