The Ānandaအာနန္ဒာ
မူလစာမျက်နှာ ဆောင်းပါးများ နည်းပညာ ဘတ်ဂျက်အ​ခြေခံ arrow_drop_down
  • နိဒါန်း
  • ဘတ်ဂျတ်နှင့် မိတ်ဆက်ခြင်း
အာနန္ဒာအကြောင်း
The Ānandaအာနန္ဒာ
မူလစာမျက်နှာ ဆောင်းပါးများ နည်းပညာ ဘတ်ဂျက်အ​ခြေခံ arrow_drop_down
  • နိဒါန်း
  • ဘတ်ဂျတ်နှင့် မိတ်ဆက်ခြင်း
အာနန္ဒာအကြောင်း
View English Version
The Ānandaအာနန္ဒာ

အချက်အလက်မှ အပြောင်းအလဲသို့

  • ၁၉-၂၀ ပညာရေး ဘတ်ဂျက်

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Feb 20, 2020

    ပညာရေးဝန်ကြီးဌာနက လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကျပ်သန်းပေါင်း ၂,၆၉၃,၃၈၂.၉၈၂ သန်း သုံးစွဲဖို့ လျာထားပါတယ်။ ဒီထဲမှာ သာမန်အသုံးစရိတ်အတွက် စုစုပေါင်းရဲ့ ၇၂ % နဲ့ ၂၈ % ကတော့ ငွေလုံးငွေရင်း အသုံးစရိတ် ဖြစ်ပါတယ်။

  • မိတ်ဆက် နှင့် အနှစ်ချုပ် - နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Feb 20, 2020

    နောက်ထပ်တိုးပြဋ္ဌာန်းချက်ကတော့ နိုင်/လွတ်/လုံ ဥပဒေမှာ တားမြစ်ထားတဲ့ ပြစ်မှုတွေကို ကျူးလွန်တာတွေအတွက် တရားစွဲဆိုရာမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုချက် ရယူရမယ်လို့ ဆိုပါတယ်။ နောက်ပြီး သတ်မှတ်ထားတဲ့ ပြစ်မှုတွေဟာ အာမခံပေးနိုင်တဲ့ ပြစ်မှုတွေလို့ ဆိုပါတယ်။

  • ဥပဒေကြမ်းဆန်းစစ်မှု - အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Feb 19, 2020

    ဥပဒေကြမ်း ဆန်းစစ်မှုက အားလုံးကို ခြုံငုံမိမှာ မဟုတ်ပေမယ့် ဥပဒေကြမ်းနဲ့ပတ်သက်တဲ့ အသိတွေ ပွားစေဖို့နဲ့ ဥပဒေကြမ်းပါ အကြောင်းအရာတွေကို ဆက်လက်ဆွေးနွေးနိုင်စေဖို့ အရေးကြီးမယ့် အချက်အချို့တွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။ ပိုကောင်းမွန်တဲ့ အမြင်တွေ ပေးစွမ်းဖို့ကတော့ အမျိုးသမီးအခွင့်အရေးတွေကို အထူးပြု လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ အမြင်တွေကို အများကြီး လေ့လာသင့်ပါတယ်။

  • မူဝါဒအကျဉ်း - အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး

    Posted in ဥပဒေရေးရာ သုတေသန on Feb 14, 2020

    အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ဖို့အတွက် ဥပဒေပြုတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲတွေကတော့ ဖိုဝါဒကြီးစိုးမှုနဲ့ ခိုင်မြဲစွာ အမြစ်တွယ်နေတဲ့ ယဉ်ကျေးမှုဆိုင်ရာ ယုံကြည်မှုတွေကို တိုက်ရိုက် စိန်ခေါ်ရာ ရောက်နေနိုင်တာပဲ ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ စာရင်းက ပြည့်စုံမှု မရှိပေမယ့် မူဝါဒချမှတ်တွေ နဲ့ ဥပဒေပြု အမတ်တွေအနေနဲ့ ဒီလို ဥပဒေ ရေးဆွဲတဲ့ နေရာမှာ ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ ဖိအားတွေကို ညွှန်ပြထားပါတယ်။

  • မိတ်ဆက် နှင့် အနှစ်ချုပ် - အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Feb 05, 2020

    မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာနဲ့ပတ်သက်ပြီး (အကြမ်းဖက်မှုတွေရဲ့ သုံးပုံနှစ်ပုံဟာ အိမ်တွင်းမှာ ဖြစ်ပွားတာ ဖြစ်ပါတယ်) ကာကွယ်ပေးဖို့က လက်ရှိအချိန်မှာ ရာဇသတ်ကြီးကိုသာ သုံးနေတာဖြစ်ပြီး သီးသန့်ဥပဒေ မရှိသေးပါဘူး။ လက်ရှိ ပြည်ထောင်စုလွှတ်တော် အင်တာနက်စာမျက်နှာမှာ တင်ထားတဲ့ ဥပဒေကြမ်းဟာ ၂၀၁၃ ခုနှစ်ကတည်း စတင်ရေးဆွဲခဲ့တယ်လို့ သိရပါတယ်။

  • ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာ - ထုတ်လုပ်ရေးနဲ့ ဈေးများဌာန

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Feb 05, 2020

    ဌာနပိုင်မြေနဲ့ အဆောက်အဦတွေကို ငှားရမ်းတဲ့နေရာမှာ ငှားရမ်းခဟာ ကာလပေါက်ဈေးနဲ့ မကိုက်ညီတာ၊ ငှားရမ်းသူတွေက တခြားသူတွေကို ထပ်ဆင့်ငှားရမ်းတာကြောင့် နိုင်ငံတော်က ရသင့်ရထိုက်တဲ့ ဝင်ငွေတွေ ဆုံးရှုံးမှုဖြစ်ပေါ်နေတာကြောင့် ငှားရမ်းမှုတာဝန်ခံ စစ်ဆေးရေးအဖွဲ့တွေက ဒေသအလိုက် ကာလပေါက်ဈေးတွက်ချက်ပြီး သမ္မတရုံးညွှန်ကြားချက်တွေနဲ့အညီ ငှားရမ်းဆောင်ရွက်ကြဖို့ လိုအပ်နေတယ်လို့ တိုင်းစာရင်းစစ်ချုပ်က ဆိုထားပါတယ်။

  • ဥပဒေကြမ်းဆန်းစစ်မှု - နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Jan 31, 2020

    လက်ရှိတင်သွင်းထားတဲ့ ဥပဒေကြမ်းမှာ စံချိန်မမီရွှေနဲ့ စံချိန်မီရွှေဆိုတာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို အတိအကျ ဖွင့်ဆိုထားပြီး စံချိန်မမီရွှေနဲ့ ပတ်သက်ပြီး တစ်ကိုယ်ရေသုံးစွဲခြင်းနဲ့ နိုင်ငံတော်အတွင်း လက်ရောက် ရောင်းဝယ်ခြင်းတွေမှာ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက် ရယူစရာမလိုပါဘူး။ ဒါပေမယ့် စံချိန်မမီရွှေကို ပြည်ပတင်ပို့ခြင်း/တင်သွင်းခြင်းနဲ့ နိုင်ငံတော်အတွင်း ချေးယူ/ချေးငှားခြင်းတွေအတွက်တော့ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက် လိုအပ်မှာ ဖြစ်ပါတယ်။

  • အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းနှစ်ခုမှာ ဘာတွေပါပြီး ဘာတွေတူကြသလဲ - ၁

    Posted in ဥပဒေရေးရာ သုတေသန on Jan 30, 2020

    ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခန်းပေါင်း (၁၅)ခန်းနဲ့ နောက်ဆက်တွဲ ဇယားတွေ ပါရှိပြီး လက်ရှိတင်သွင်းထားတဲ့ ဥပဒေကြမ်းနှစ်ခုမှာ ပြင်ဆင်ချက်မရှိတဲ့ အခန်းတွေကတော့ အခန်း (၂) - ပြည်ထောင်စုဖွဲ့စည်းတည်ဆောက်ပုံ ၊ အခန်း (၁၅) - အထွေထွေပြဋ္ဌာန်းချက်နဲ့ နောက်ဆက်တွဲ ဇယားတို့ ဖြစ်ပါတယ်။ အခန်း (၁၀) - နိုင်ငံရေးပါတီများအခန်းမှာ စကားရပ်ပိုင်းဆိုင်ရာ ပြင်ဆင်ချက် တစ်ခု ပါရှိပြီး အခန်း (၁၃) - နိုင်ငံတော်အလံခန်းမှာ နိုင်ငံတော်အလံနဲ့ ပတ်သက်တဲ့ ပြင်ဆင်ချက် တစ်ခုကို တွေ့ရပါတယ်။

  • မူဝါဒအနှစ်ချုပ် - ဗဟိုဘဏ်များ

    Posted in ဥပဒေရေးရာ သုတေသန on Jan 29, 2020

    ဗဟိုဘဏ် ဆိုတာက နိုင်ငံတစ်နိုင်ငံ (ဒါမှမဟုတ် နိုင်ငံအစုအဖွဲ့တွေ) ရဲ့ ဘဏ်ချေးငွေတွေ နဲ့ ငွေကြေး ထုတ်လုပ်ဖြန့်ဖြူးခြင်းအပေါ်မှာ ထိန်းချူပ်ထားတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ရပ် ဖြစ်ပါတယ်။ ခေတ်သစ်စီးပွားရေးမှာ ဗဟိုဘဏ်က ငွေကြေးဆိုင်ရာမူဝါဒအတွက် တာဝန်ရှိပြီး ဘဏ်တွေရဲ့ လုပ်ထုံးလုပ်နည်းအတွက်လည်း တာဝန်ယူရပါတယ်။

  • ရန်ကုန်စာရင်းစစ်ချုပ်အစီရင်ခံစာ - တိုင်းအစိုးရ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီလေးခု ဘဏ္ဍာရေးအခြေအနေ

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Jan 28, 2020

    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အထိ ကျပ်သန်းပေါင်း ၁၃၄,၀၀၀ ကို ကုမ္ပဏီလေးခုမှာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ အဲဒီကုမ္ပဏီတွေကတော့ Yangon Metropolitan Development Public Co.,Ltd (YMD)၊ ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YBPC)၊ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT) နဲ့ New Yangon Development Co.,Ltd (NYDC) တို့ ဖြစ်ပါတယ်။ 

Copyright © Ānanda Data 2025